သတင်းများ

မိုင်းရယ်၌ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ
Feb 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်း အနားကို ယနေ့နံနက် ၇ နာရီက မိုင်းရယ်မြို့ နမ့်ရယ်ခမ်းမ၌ ကျင်းပသည်။
ကြာအင်းဆိပ်ကြီး၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်း ဉာဏ်စမ်းပဟေဠိ နှင့် စစ်တုရင်ထိုးပြိုင်ပွဲကျင်းပ
Feb 07,2022
ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီရေးဆွဲနှင့် ဉာဏ်စမ်းပ‌ဟေဠိနှင့် စစ်တုရင်ထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုအား ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်
Feb 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ လက်ပံပင်စုအုပ်စု၊ လက်ပံပင်စုကျေးရွာတွင် မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံး သွားသော နေအိမ်မှအိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၌ သံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး
Feb 07,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ သံဃာတော်များ၊ သီလရှင် များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မြစ်သားမြို့၌ (အ႒မအကြိမ်) မြောက်မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးရွေးချယ် ဖွဲ့စည်းခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးအခမ်းအနားကျင်းပ
Feb 07,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင်(အ႒မအကြိမ်)မြောက်မြို့နယ်သံဃနာယက အဖွဲ့ အနားယူခြင်း၊အစားထိုးရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးအခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က မင်းကုန်းရပ်ကွက်ရှိ မင်းကုန်းကျောင်းတိုက် ပုညမဟာပဌာန်းဓမ္မာရုံ၌ ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်များမှ သံဃာတော်(၁၂၃)ပါးကြွရောက်၍ မဲပေးရွေး ချယ်ပေးခဲ့ကြကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် Book Club, Women Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Feb 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က Book Club ၊ Women Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မိုးနဲမြို့နယ်၌ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် နိုင်ငံသားကတ်ပြုလုပ်ရာတွင်လိုအပ်သည့် အချက်များ သိရှိစေရန် မြို့နယ် လ.ဝ.က ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲသို့ လာရောက်ကြသူများကို ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စာပြန်ပွဲအသီးသီး၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သာသနာ့ပါလသဟပုညကာရီအဖွဲ့ ဓမ္မာစရိယ စာဝါသင်တန်းမှ သံဃာတော်နှင့် သီလရှင်များအား ဂုဏ်ပြုဆုနှင်းသဘင် ကျင်းပ
Feb 07,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများ ဦးစီးဖွင့်လှစ်ခဲ့သည့် သာသနာ့ပါလသဟပုညကာရီအဖွဲ့၏ (၁၄)ကြိမ်မြောက် ဓမ္မာစရိယစာဝါသင်တန်းမှ သာသနာ့ပါလ ဓမ္မာစရိယနှင့် အစိုးရ ဓမ္မာစရိယ စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သံဃာတော်နှင့် သီလရှင်များတို့အား ဂုဏ်ပြုဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက ဗူးဘုရားပရိဝုဏ်ရှိ သန္တိသုခ ဓမ္မဗိမာန်တော်၌ ကျင်းပသည်။