ပေါင်းတည်မြို့၌ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစေရေး စစ်ဆေး

ပေါင်းတည် ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုကို ယမန်နေ့နေ့လည် (၂)နာရီက စီးပွါးကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်အမှတ် ၅၂၄/၂၀၂၁ တွင် ထည့်သွင်းကြော်ငြာထားသော အစားအသောက်ဥပဒေ ပုဒ်မ ၃၈(ခ)အရ ထိန်းချုပ်အစားအသောက် ဖြစ်သည့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစေရေးအတွက် အုပ်ဖို(၁)ရပ်ကွက်၊ မှတ်တိုင်လမ်း၊ ဧရာမင်းဆီစက်လုပ်ငန်းရှင် ဦးမင်းလွင်ဦးနှင့် တွေ့ဆုံဆွေးနွေးပြီး ကုန်အညွှန်း အမှတ်အသားများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်