ဝါးခယ်မ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Clean City, Green City, Smart City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ အချိန်က မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းတွင် စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ စုစုပေါင်းအင်အား (၅၀)ခန့်ဖြင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း အမှိုက်များ သယ်ယူ၍ အမှိုက်ကားပေါ်သို့ စနစ်တကျ သယ်ယူစွန့်ပစ်ပေးခြင်းများ စုပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး