နောင်ချိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ဆောင်ရွက်

နောင်ချို  ဇန်နဝါရီ    ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းသို့  သွားရောက်ပြီး မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပင်လုံစာချုပ်နှင့်  ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး၊ ဟောပြောခဲ့မှု အပေါ် ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမေးမြန်း၍ ဖြေကြားစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူခိုင်က အသိပညာပေး ဆွေးနွေးမှုများ လာရောက် ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွေးငယ်