သတင်းများ

နတ်မောက်မြို့နယ် မျက်ရဲကန်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် (၆)လဘတ်ဂျက်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းအား ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က မျက်ရဲကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်ဖွင့်လှစ်ခဲ့သည်။
နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၆၆ဦးအား ပထမအကြိမ် COVID Shield အမျိူးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး
Jan 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၆၆ ဦးအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမားရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ဂွမြို့ မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jan 21,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ မီးဘေးအန္တရာယ်မှ ကင်းဝေး‌စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်၉ နာရီက ပြုလုပ်ခဲ့သည်။
မိုင်းနောင်မြို့ ပြန်/ဆက် ၀န်ထမ်းများ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်း‌ခြင်းများ ဆောင်ရွက်
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ၀န်ထမ်းများသည် ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်၍ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းခြင်းများ ဆာင်ရွက်ခဲ့သည်။
ကော့ကရိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Jan 21,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Bool Club) အဖွဲ့ဝင်များနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ ဆူးသစ်ရေးသားသည့် “ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်
Jan 21,2022
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးမောင်းနိန်နှင့် တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီအချိန်က ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ယနေ့နံနက်(၉)နာရီ အချိန်က စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ခြင်းနှင့် mask campaign ပြုလုပ်
Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ် ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့မဈေးအနောက်ဘက် လူစီကားရာနေရာ မြို့နယ်စည်ပင်သာယာရေး ရုံးရှေ့၌ ပြုလုပ်ခဲ့သည်။