သတင်းများ

ဖျာပုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ဖျာပုံမြို့နယ် ပြည်သူ့အားကစားခန်းမ၌ ကျင်းပသည်။
ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် Omicron ရောဂါကာကွယ်ရေး ပြည်သူ များအား နှာခေါင်းစည်းများ ဖြန့်ဝေပေး
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီ ခရွန်(Omicron)ရောဂါ ကာကွယ်ရေးအတွက် လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် မြို့မတံတားတို့တွင် နှာခေါင်းစည်း mask များကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ဖြန့်ဝေပေးခဲ့ကြသည်။
ကျွန်းစုမြို့တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Feb 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစု မြို့နယ်ရုံးက ဖေဖော်ဝါရီလ(၄)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် အ.ထ.က ပထက်‌ကျောင်း၌ ကျောင်းသား/သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ဖူဆယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ ရေစတင်ပေးဝေ
Feb 06,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံဆည်မှ ၂၀၂၁ ခုနှစ် မိုးစပါးများရိတ်သိမ်းချိန် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ ရေပေးဝေမှုရပ်ဆိုင်းထားရာမှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့တွင်ဖွင့်လှစ်မည့် မန်းရွှေစက်တော် ဗုဒ္ဓပါဒပူဇနိယပွဲတော်ဖွင့်ပွဲအမီ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ဆည်ရေ (၂၀၀-ကုဗပေ/စက္ကန့်) စတင်ရေလွှတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (Fitness Dance) အားကစား (အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပ
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန    (Community Centre) ၌ ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် (Fitness Dance) အားကစား (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ ပြန်လည်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ
Feb 06,2022
မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် ပြန်လည်အစားထိုး ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မြို့လယ်သာသနာ့ ဗိမာန်တော်ကြီး ၌ ပြုလုပ်ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်
Feb 06,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံဂေါက်ကလပ် မြက်ခင်းပြင်၌ ကျင်းပသည်။