ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း နှင့် နံရံကပ်စာ စောင်ပြသ
Feb 05,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီမှထုတ်ဝေသော ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဖန်ခါးမြေလက်ကမ်းစာစောင်များကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်က လူစည်ကားရာနေရာများနှင့် ရုံးစာကြည့်တိုက်လာ စာငှား၊ စာဖတ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ပိုစတာကိုလည်း ချောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူတို့အား ခင်းကျင်းပြသပေးခဲ့သည်။