မိုင်းနောင်မြို့ ပြန်/ဆက် ၀န်ထမ်းများ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်း‌ခြင်းများ ဆောင်ရွက်

မိုင်းနောင် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ၀န်ထမ်းများသည် ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်၍  Mobile  Library စနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းခြင်းများ ဆာင်ရွက်ခဲ့သည်။

ထိုသို့ သွားရောက် ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဌာနဆိုင်ရာ ၀န်ထမ်းများ အလွယ်တကူ စာပေဖတ်ရှုလေ့လာ နိုင်ရေး၊ စာဖတ်ရှိန် တိုးတက်မြှင့်မားရေး၊ ပြင်ပ ဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာ ကဏ္ဍများကို အဆင်ပြေပြေ လေ့လာဖတ်ရှုနိုင်ရေးတို့အတွက် စီစဉ် ဆောင်ရွက်ပေးကြောင်း သိရသည်။

ထို့ပြင်  ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဈေးဆိုင်များမှ ဈေးရောင်းချနေသူများ၊ ကျေးရွာများရှိ အလယ်တန်း၊ မူလတန်းကျောင်းများကိုလည်း အပတ်စဉ်၊ လစဉ် ငှားရမ်းစနစ်များဖြင့်လည်း အခမဲ့ ငှားရမ်းပေးလျက် ရှိကြောင်း သိရသည်။

မနန်း