ကြို့ပင်ကောက် ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ် ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့မဈေးအနောက်ဘက် လူစီကားရာနေရာ မြို့နယ်စည်ပင်သာယာရေး ရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦးခပ် ခွာခွာနေထိုင်ရန်နှင့် ဟောင်းနွမ်း mask ကို မတပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အချက်များကို အသိပညာပေးပြောကြားပြီး၊ ပါးစပ်နှင့် နှာခေါင်းစည်း (mask) ၇၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ယနေ့အချိန်အထိ စုစုပေါင်း(၁၁၃၃)ဦး၊ ဆေးရုံမှ ကျန်းမာစွာဖြင့် ဆင်းခွင့်ရရှိသူ (၁၀၂၉)ဦး၊ ဆေးရုံတွင် တက်ရောက်ကုသမှု ခံနေရသူ(၄)ဦး ရှိနေပြီး ရောဂါပိုး တွေ့ရှိမှု လျော့ကျသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားခြင်းဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်အား ကြိုတင်ကာကွယ်သွားရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများ တွင် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)