သတင်းများ

လောက်ကိုင်မြို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 21,2022
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးဝန်း၌ ကျင်းပသည်။
ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ် 
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက် နာရီစင်ထိပ်နှင့် မဟာဘောဂလမ်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်အကြောင်း အသိပညာပေးဆော်ဩမှုများ စဉ်ဆက်မပြတ်ပြုလုပ်
Jan 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု များကို ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ဖဖာကျေးရွာအတွင်း ဆော်ဩမှုပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် မြို့မဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေး
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှု လျှော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့  မြို့မဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ် များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(omicron)  ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 21,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါပိုးများကို သတိပြုအ‌လေးနက်ထားကြိုတင် ကာ ကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ မိုးကောင်းဆုတောင်းပြည့် စေတီတော်ကြီး ရင်ပြင်တော်အသစ် ပြန်လည် ပြုပြင်ရန် ပန္နက်တင်အခမ်းအနားနှင့် အလှူငွေပေးအပ် လှူဒါန်းခြင်း အခမ်းအနားပြုလုပ်
Jan 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ မိုးကောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ကျောက်ပြားများ အသစ်ပြန်လည်ခင်းရန် အတွက် ပန္နက်တင်အခမ်းအနားနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ မိုးကောင်းဘုရားရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကိုဗစ် -၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော် 
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင်  လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။