ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်

ဝက်လက် ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးမောင်းနိန်နှင့် တပ်ဖွဲ့ဝင်များက ယနေ့ နံနက် နာရီအချိန်က ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်ကြကြောင်း သိရသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရာတွင် လျင်မြန်စွာ ဆောင်ရွက် နိုင်ရေး၊ မတော်တဆယာဉ်တိုက်မှုများ ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်နိုင်ရေး အတွက် ပစ္စည်းကရိယာများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများကို ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာန အနေဖြင့် အပတ်စဉ် သောကြာနေ့တိုင်း  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)