သတင်းများ

ပူတာအိုခရိုင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး(Talk Show)ဆွေးနွေး
Jan 21,2022
ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် နွေရာသီအချိန်ကာလတွင် ပြည်သူများ၏အိုးအိမ်စည်းစိမ်များ မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရန် နှင့်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်အတွက် မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအသိပညာပေး(Talk Show)အွန်လိုင်းမှတဆင့်ဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမ၌ကျင်းပ သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ် ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 21,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၂ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
သံမိုးတောင်ကျေးရွာရှိ  ရော်ဘာစိုက်တောင်သူအချို့  ရော်ဘာကိုင်းများအား  ခုတ်ချရှင်းလင်းပြီး  ကွမ်းသီးပင်များ ပြန်လည်စိုက်ပျိုး
Jan 21,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုမြို့ သံမိုးတောင်ကျေးရွာရှိ  ရော်ဘာစိုက်တောင် သူ အချို့မှာ ယခင်နှစ်က ရော်ဘာပြားများ ဈေးနှုန်းကျဆင်းခြင်းကြောင့် ရော်ဘာပင်များအား   ခုတ်လှဲရောင်းချခဲ့ကြပြီး   ကွမ်းသီးပင်များ   ပြန်လည်စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။
ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိရာ ပဉ္စမအသုတ်(ဒုတိယ)အကြိမ်တွင်ကာကွယ်ဆေးထိုးပြီးသူပေါင်း(၄၇၆၂)ဦးရှိ
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲက ပဉ္စမအသုတ်(ဒုတိယ) အကြိမ်တွင် ကာကွယ်ဆေး ထိုးပြီးသူပေါင်း (၄၇၆၂)ဦးရှိကြောင်း သိရှိရသည်။
ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကျင်းပ
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာနCommunityCentre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများကာယဥာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရေး၊ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ကျန်းမာပျော်ရွှင်သောအစုအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန် ၊အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဂိမ်းကစား ခြင်းပြိုင်ပွဲများကို ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်ကပြုလုပ်ဆောင်ရွက်ကြသည်။
ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် Fitness Dance သင်တန်း ဖွင့်လှစ်သင်ကြား
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီ ကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ်(၇/၂၀၂၀) တက်ရောက်နေကြသည့် သင်တန်းသား/သူများအား မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်မှ နေ့စဉ် ညနေ(၄:၃၀) အချိန်၌ ကိုယ်လက်လှုပ်ရှား အားကစား Fitness Dance သင်တန်းဖွင့်လှစ်သင်ကြားပို့ချ လျက်ရှိသည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းကို ဆောင်ရွက်ပေး လျက်ရှိရာ အောင်အေး(ရန်ကုန်တက္ကသိုလ်)ရေးသားထားသော စကားပြော အတတ်ပညာ  စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။