မိုးနဲမြို့နယ်၌ စာကြည့်တိုက်လုပ်ငန်းတွင်ကျယ်လာစေရေး စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း

မိုးနဲ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း(ပေါ့မိုင်း)သို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မူလတန်းအဆင့် ကျောင်းသား/သူလေးများနှင့်ကိုက်ညီသည့် ရုပ်ပြစာအုပ်များကို ပြသခဲ့ကြပြီး ကွင်းဆင်းငှားရမ်းလိုက်ခြင်းကြောင်း ကျောင်းသား/သူများ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်များအပြင် ပြင်ပစာအုပ်စာစောင်များ လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်ခြင်း၊ ဗဟုသုတအသစ်များတိုးပွားလာခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံစေခြင်း၊ အားလပ်သောအချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အကျိုးရှိစွာ ကုန်ဆုံးနိုင်ခြင်း၊ အသိပညာများကို တစ်ဦးနှင့်တစ်ဦး ပြန်လည်ဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်းနှင့် ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကာ အပတ်စဉ် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်သူတိုးပွားရေး၊ စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရေး၊ အသင်းဝင်တိုးပွားလာစေရေး အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဖုန်းအသုံးပြုသူများလည်း အသိပညာတိုးပွားလာစေရေး အွန်လိုင်းအသိပညာပေးခြင်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲများ စာအုပ်ပြပွဲများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို