ညောင်ရွှေမြို့နယ် ကျောက်ငှက်ကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
May 23,2026
ဒေသတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက် လာစေရန်၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေ တောင်သူများ၏လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ ခြင်းကို မေ(၂၂) ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လက်မောင်းကွေးကျေး ရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။