မကွေးတိုင်းအတွင်းရှိ ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းနား ကျင်းပ

မကွေး စက်တင်ဘာ ၁၂

၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက ဖွင့်လှစ်ထားပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရရှိသည့် လူငယ်ဖွံ့ဖြိုးရေးပရဟိဂေဟာ၊ ဘိုးဘွားရိပ်သာ၊ မသန်စွမ်းဂေဟာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် စေတနာမူလတန်းညကျောင်းများသို့ ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးမြို့နယ် စုပေါင်းရုံး၊ အစည်း‌အဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့် ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ မိခင်နှင့်က‌လေးစောက်‌ရှောက်ရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ဂေဟာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရရှိသည့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၆)ခု၊ ဘိုးဘွားရိပ်သာ (၈)ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၅၆)ကျောင်း၊ မသန်စွမ်းဂေဟာ (၁)ခု၊ စေတနာမူလတန်းညကျောင်း (၁) ကျောင်းတို့အား ထောက်ပံ့ကြေးငွေ ကျပ်သိန်း (၂၃၉,၁၁၁,၀၀ဝိ)ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများက အသီးသီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကိုယ်စား ကိုယ်စားလှယ် (၁)ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့‌ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)