မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ် သားရောင်းချသည့် ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးသည်။                                  

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ပြည်သူများ ဝယ်ယူစားသုံးနိုင်ရန်အတွက် အမဲသား၊ ဝက်သား၊ ဆိတ်သား ဈေးနှုန်းများ သတ်မှတ်၍အသားရောင်းချသည့် ဆိုင်နေရာများတွင် ဗီနိုင်းပိုစတာများဖြင့် ချိတ်ဆွဲထားရှိပြီး ဈေးတာဝန်ခံ ဝန်ထမ်းများက စဉ်ဆက်မပြတ် Hand Speaker ဖြင့် ကြေညာပေး လျက်ရှိပြီး ဒေသခံပြည်သူများ အမဲသား၊ ဝက်သားနှင့် ဆိတ်သားများကို သတ်မှတ်ဈေးနှုန်း အတိုင်းဝယ်ယူစားသုံးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူတို့၏ ကျန်းမာရေးနှင့် ညီညွတ်စေရန်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နေပြည်သူများ၏ စွန့်ပစ်ပစ္စည်းများအား အမှိုက်သိမ်းမော်တော်ယာဥ်ဖြင့် နေ့စဉ်သိမ်းဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)