သတင်းများ

ဖောင်းပြင်မြို့နယ်တွင် ယခုနှစ်ပဲစိုက်တောင်သူများ ဈေးကောင်းရရှိ
Feb 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ တောင်သူများအနေဖြင့် ယခုနှစ် ဆောင်းသီးနှံများ ရိတ်သိမ်းရချိန် ပဲများ ရောင်းချရာတွင် ယခင်နှစ်များထက် ဈေးပိုရသဖြင့် ပဲစိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။
YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ငွေပေးချေကတ် Yangon Payment Service (YPS) စနစ် အသုံးပြုပြီး ခရီးအကွာအဝေးအလိုက် ယာဉ်စီးခများ ကောက်ခံသွားမည်
Feb 26,2022
YBS ခရီးသည်တင်ယာဉ်များ စီးနှင်းပြီး ရန်ကုန်မြို့တွင်း ခရီးသွားလာနေကြသည့် ခရီးသွား ပြည်သူများအနေဖြင့် ယာဉ်စီးခပေးချေရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် Yangon Payment Service (YPS) ကတ်စနစ် အသုံးပြုပြီး ခရီးအကွာအဝေး အလိုက် ယာဉ်စီးခပေးချေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
မိမိရပ်ရွာဒေသတွင် ယခုထက်မကသော တည်ငြိမ်အေးချမ်းမှုများ ရရှိအောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြ
Feb 26,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဘားအံမြို့နယ်အတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်အသိပညာပေးလှုံဆော်
Feb 26,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူများအား နှာခေါင်းစည်းmask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေး ပညာပေး ဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအသင်းများ ပူးပေါင်း၍ မုဆိုး ကျွန်းကျေးရွာ၊ အံကရဲကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်၌ ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Feb 26,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ရှမ်းရွာရပ်ကွက်တွင် ယနေ့ နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ငပလီမြို့၌ကိုဗစ်-၁၉ ‌ရောဂါမျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါကူးစက်မှု အားကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask များ (အခမဲ့ ) ဖြန့်ဝေခြင်းဆောင်ရွက်
Feb 26,2022
ငပလီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစည်ကားရာဖြစ်သော မြို့မဈေး နှင့်ဂျိတ္တောဈေး၊လမ်းဆုံ လမ်းခွများရှိ လမ်းသွားလမ်းလာ ပြည်သူများနှင့်ဈေးရောင်းဈေးဝယ် ပြည်သူ များအား နှာခေါင်းစည်းMask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်
Feb 26,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း ကို၊ ဖေဖော်ဝါရီ(၂၆)ရက်နေ့ နံနက်(၉) နာရီက အဆိုပါ မီးသတ် ဦးစီးဌာနရုံးတွင် နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကန့်ဘလူမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Feb 26,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် (ဆဌမအသုတ်)အဖြစ် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက်ပိုင်းက ဆက်လက် ထိုးနှံပေးလျက် ရှိသည်။