ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း ကို၊ ဖေဖော်ဝါရီ(၂၆)ရက်နေ့ နံနက်(၉) နာရီက အဆိုပါ မီးသတ် ဦးစီးဌာနရုံးတွင် နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ရာသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် တက်ရောက်အားပေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်လင်း၊ စခန်းမှူး ဒုတိယဦးစီးမှူး ဦးမျိုးပိုင်သူထွေးနှင့် ဝန်ထမ်းများက ငလျင်ဘေးဒဏ် နှင့်ပတ်သက်၍ သဏ္ဍာန်တူရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သတ်မှတ် အဆင့်အတိုင်း အချိန်နှင့် တစ်ပြေးညီ စုဖွဲ့ဆောင်ရွက်ကြသည်။ “ ကျွန်တော်တို့ ဒီ ငလျင်ဘေးဒဏ်ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သဏ္ဍန်တူဇာတ်တိုက် လေ့ကျင့်မှုကို နိုင်ငံ တကာ သတ်မှတ်ချက်တွေဖြစ်တဲ့ စံ(၅)ချက်နဲ့အညီ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပါတယ်။ ငလျင်ဘေးဒဏ် တို့၊ မီးဘေးအန္တရာယ်တို့၊ ရေဘေးအန္တရာယ်တို့စတဲ့ သဘာဝဘေး အန္တရာယ်တွေနဲ့တွေ့ကြုံလာရင် တပ်ဖွဲ့ဝင်တွေရဲ့ စုဖွဲ့မှုနဲ့ အချိန်တိုတိုအတွင်း ထိခိုက်လူနာများကိုရှာဖွေကယ်တင်ခြင်း လုပ်ငန်းတွေအချိန်နဲ့ တပြေးညီဆောင်ရွက် နိုင်အောင် နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ ပစ္စည်းများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးပြုတတ်အောင် အခုလို သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့် နေခြင်း ဖြစ်ပါ တယ်…” ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်နိုင်လင်းက ပြောသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်မှုကို မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ လူနာတင်ယာဉ်(၁)စီးနှင့်အတူသန္ဓေတပ်ဖွဲ့ဝင်နှင့်အရန်တပ်ဖွဲ့ဝင် စုစုပေါင်း(၃၅)ဦးတို့ပါဝင်ခဲ့ကြပြီး၊နိုင်ငံတကာ သတ်မှတ်ချက် ASR Leval ဖြစ်သည့်၊ ASR Levaal(1) - Wide Area Assessment . ASR Leval(2) - Sector Assessment. ASR Leval(3)-Rapid Scearch and Resuce. ASR Leval (4)- Full Search and Resuce. ASR Leval(5)-Total Coverage Search and Resuce LEVAL များအတိုင်း အဆင့်(၅)ဆင့်ဖြင့်ဇာတ် တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ပြီး၊ နံနက် ၁၁ နာရီခွဲတွင် လေ့ကျင့်မှုလုပ်ငန်းပြီးစီးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)