ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်အသိပညာပေးလှုံဆော်

ကျိုက်မရော    ဖေဖော်ဝါရီ    ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူများအား နှာခေါင်းစည်းmask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေး ပညာပေး ဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအသင်းများ ပူးပေါင်း၍ မုဆိုး ကျွန်းကျေးရွာ၊ အံကရဲကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးလှုံ့ဆော်ခြင်းများ ဆောင်ရွက်ရာ၌ ဒေသခံပြည်သူများအနေဖြင့် အခြားဒေသမှ လာရောက်သော ဧည့်သည်များအား မိမိအိမ်တွင် လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပထွက်ခွာရတိုင်း နှာခေါင်းစည်း(mask)များကို စနစ်တကျ မပျက်မကွက် တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးရှိသောနေရာများသို့ မသွားကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာဖြင့်စက္ကန့်၂၀ကြာအောင် စနစ်တကျဆေးကြောရန်၊ မိမိပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို အတိအကျ လိုက်နာကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အကြိမ်ပြည့် လာရောက်ထိုးနှံ ထားကြရန်နှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများက ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးကြရန် အသိပေးလှုံ့ဆော်ခဲ့ကြပြီး ကျေးရွာပြည်သူလူထု များအား နှာခေါင်း စည်းMaskအခုရေ (၁၀၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။