သတင်းများ

ဘုတ်ပြင်းမြို့မဈေးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးဆောင်ရွက်
Feb 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့မဈေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များနှင့် ဝယ်သူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ ရောင်းရောင်းချခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထဲရေးမိသားစုမှ ဆွမ်းဆန်တော်များ လှူဒါန်းပေးအပ်
Feb 24,2022
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးမိသားစုမှ တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Feb 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေး Phase-6 ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီကစတင်၍ ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကိုဗစ် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြားမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Feb 24,2022
ကိုဗစ်-၁၉ရောဂါ အပါအဝင် မျိုးကွဲသစ် ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စု၊ ရေလည်စုကျေးရွာ အေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Feb 24,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စု ရေလည်စုကျေးရွာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲမှူးကြီးအောင်သူ၊အဖွဲ့ဝင်ဦးစိန်လင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့က သွားရောက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ ဒေသခံပြည်သူ များနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စားအုန်းဆီများကိုဈေးကားဖြင့် လှည့်လည်၍လက်လီရောင်းချပေးလျက်ရှိ
Feb 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံး စွဲနိုင်ရေးအတွက်၊ စီးပွားကူးသန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ စားအုန်းဆီလက်လီ ရောင်းချခြင်းများကို၊ ယနေ့ နံနက်(၉)နာရီက သတ်မှတ်အရောင်းဆိုင်များအပြင် ဈေးကားဖြင့် လှည့် လည်ရောင်းချပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာရှိ IDPစခန်းနှင့် ဒေသခံဘင်္ဂါလီများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ်(ပထမ)အကြိမ်ထိုးနှံ
Feb 24,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာရှိI DP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများနှင့် ဒေသခံ ဘင်္ဂါလီပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား သတ္တမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin)ကို ယနေ့နံနက် (၉)နာရီက ထိုးနှံခဲ့ကြောင်း သိရသည်။
ခေါဇာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ပိုးသတ်ဆေးဖျန်ခြင်း ဆောင်ရွက်
Feb 24,2022
ကိုဗစ်-၁၉ရောဂါ အပါအဝင် ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။