သတင်းများ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာ မီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး၍ လူထုစစ်ဆေးပွဲကျင်းပ
Feb 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် တလိုင်းကွင်းကျေးရွာအုပ်စု၊ မကျီးပင်ကွင်းဒေါင့်ကျေးရွာ မီးလင်းရေးလုပ်ငန်း (ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း) ရာနှုန်းပြည့်ပြီးစီး၍ လူထုစစ်ဆေးပွဲကို ယမန်နေ့ မွန်းလွဲ (၁ )နာရီအချိန်က အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Covishield) နှစ်ကြိမ် ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံ
Feb 28,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Covishield)နှစ်ကြိမ် ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ တောဆင်ရိုင်းနင်း၍ လူတစ်ဦး သေဆုံးကာ ကျန်တစ်ဦးဒဏ်ရာရရှိ
Feb 27,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက် ၊ ရွှေတောင်ကျေးရွာ အနီးတွင် ယနေ့ နံနက် ၁၁ နာရီ အချိန် ခန့်က တောဆင်ရိုင်းနင်းမိ၍ တစ်ဦးသေဆုံးကာ ၊ ကျန်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ခန္တီးမြို့ စည်ပင်သာယာမင်္ဂလာဈေးရှေ့၌ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်
Feb 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မြို့မ မင်္ဂလာဈေးရှေ့၌၊ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းတည့်(၁၂) နာရီအချိန်က ဈေးမီး လောင်မှုကြီးများမဖြစ်ပွား မပေါ်ပေါက် စေရန် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရန်နှင့် မီးလောင်မှု ဖြစ်ပွားလာပါက အလျင် အမြန်တုံ့ပြန် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ခန္တီးခရိုင်မီးသတ် ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်ဇာတ် တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် သတ္တမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေး ထိုးနှံပေးလျက်ရှိ
Feb 27,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် ၁၈ နှစ်မှ အသက် ၆၅ နှစ်ကြားပြည်သူများအား ဦးစားပေးအုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခဲ့ဖူးခြင်းမရှိသည့် ပြည်သူများအား သတ္တမအသုတ် ပထမ အကြိမ်ဆေး ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုး စုရပ်များ အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဧရာဝတီမြစ်အတွင်း ရပ်နားထားသည့် သဲကျောက်တင်ဆောင်သည့် သင်္ဘောပေါ်သို့ ဒီဇယ်ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား
Feb 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အမှတ် (၅)ရပ်ကွက် ဧရာဝတီမြစ် အလယ်ခန့်တွင် ရပ်နားထားသည့် သဲကျောက်တင်ဆောင်သည့် သင်္ဘောပေါ်သို့ ဒီဇယ်ဆီ ဖြည့်နေစဉ် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဓါတ်ဆီ ဟွန်ဒါအပေါ့စားစက် ဆီယိုဖိတ်၍ အပူလွန်ကဲပြီး ဆီဖြည့်သည့် မော်တော် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မြောက်ဦးမြို့ပေါ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့ စက်ဖြင့် အသိပညာပေးနှိုးဆော်
Feb 27,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မိဘပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်းများကို
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ဂါလံလှူဒါန်း
Feb 27,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော တောင်ဇင်းအုပ်စု ကောင်းပင်စည်ကျေးရွာ တဲဘုံမတဲတိုက်သို့  ဖေဖော်ဝါ ရီ ၂၇ရက်၊နံနက် ၉နာရီ အချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။