ငပလီမြို့၌ကိုဗစ်-၁၉ ‌ရောဂါမျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါကူးစက်မှု အားကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask များ (အခမဲ့ ) ဖြန့်ဝေခြင်းဆောင်ရွက်

ငပလီ ဖေဖော်ဝါရီ ၂၆

ငပလီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  လူစည်ကားရာဖြစ်သော မြို့မဈေး နှင့်ဂျိတ္တောဈေး၊လမ်းဆုံ လမ်းခွများရှိ လမ်းသွားလမ်းလာ ပြည်သူများနှင့်ဈေးရောင်းဈေးဝယ် ပြည်သူ များအား နှာခေါင်းစည်းMask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က  ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်   မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  အမျိုးသမီးရေးရာ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ သံတွဲခရိုင်နှင့်ငပလီမြို့၊ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိများ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အိုမီခရွန် (Omicron) ရောဂါပိုးကူးစက်သူများ ပြန့်ပွားလာမှုမရှိစေရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ညွှန်ကြားချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်း၊  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  မြို့မဈေးကြီး အတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများ၊ လမ်းမကြီးတစ်လျေက်ရှိ ဈေးဆိုင်များတွင် ဈေးရောင်း၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများတွင် နှာခေါင်းစည်း(Mask)များအား မတပ်ဆင်ဘဲ သွားလာနေသူများကိုလည်း နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားစေရန် အသိပညာပေး၍ နှာခေါင်းစည်း (mask) ၂၀၀၀အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရ သည်။

နေမျိုးအောင် ( ပြန်/ဆက် )