သတင်းများ

 ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Mar 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အား ကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၇၈၅ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Mar 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏(၄၇၈၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ (A Group) အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေးဝတ်စုံပါ ပစ္စည်း(၅)မျိုး (၉၁)စုံကို ထောက်ပံ့ပေးအပ်
Mar 01,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျေးရွာများတွင်ဖွဲ့စည်း ထားရှိသည့် အရန်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်အထောက်အကူဖြစ်စေရန်ရည်ရွယ်၍၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနက် (A Group) အမာခံ အရန် မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြိမ်းသတ်ရေးဝတ်စုံပါ ပစ္စည်း(၅)မျိုး (၉၁)စုံ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
သာယာဝတီမြို့ ကျိုက်ထိုဇာတိကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော သီရိဓမ္မမဟာဆုတောင်းပြည့်စေတီတော်အတွင်း ဌာပနာထည့်သွင်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပ
Mar 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ကျိုက်ထိုဇာတိကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ် တော်မူသော သီရိဓမ္မမဟာဆုတောင်းပြည့် စေတီတော်အတွင်း ဌာပနာထည့်သွင်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲကျင်းပ
Mar 01,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံ ပြန်လည်ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သော စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
သံဖြူဇရပ်မြို့နယ် စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေး ဟောပြောပွဲများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်
Mar 01,2022
စက်ရုံလုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအကြောင်း အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်မန်နေ့ မွန်းလွဲပိုင်းက အွန်စောမွန်ရာဘာ သစ်ခွဲသားစက်ရုံနှင့် မြန်မာဝှချန် သစ်ခွဲသားစက်ရုံတို့တွင် ဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့၌ သူနာပြုသင်တန်းကျောင်း အပတ်စဉ် (၄၄) သူနာပြုရာထူးခန့်အပ်လွှာ ပေးအပ်ပွဲကျင်းပ
Mar 01,2022
သူနာပြုသင်တန်းကျောင်း အပတ်စဉ် (၄၄) သူနာပြု သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ သစ်လွင် သူနာပြုခန့်အပ်လွှာ ပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီက တောင်ကြီးမြို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း (၅) ခု ခွင့်ပြုပေးထား
Mar 01,2022
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။