ချောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ( Mask Campaign) နှင့် အသိပညာပေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်
Feb 24,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးပြောင်း အိုမီခရွန် (Omicron)ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ဒေသခံပြည်သူ များ (Mask) စနစ်တကျတပ် ဆင်သွားလာသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သည့် အလေ့အကျင့်များ ရရှိလာစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယနေ့ နံနက်(၈:၀၀)နာရီက ချောက်မြို့လယ် လူစည်ကားရာ လမ်းမတော် လမ်းတလျောက်တွင် နှာခေါင်းစည်း (Mask) ဖြန့်ဝေခြင်း(Mask Campaign) နှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။