သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာနှင့် လမ်းညွှန်စာအုပ်များ ထုတ်ပေးလျက်ရှိ
May 24,2021
 ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ဝင်လမ်းညွှန်နှင့် အမှတ်စာရင်းများကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊အထက(၅)  အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်းများတွင် ​ကျောင်းအပ်နှံ
May 24,2021
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အထက်တန်း​ကျောင်းနှင့် အထက်တန်း​ကျောင်းခွဲ(၁၂)​ကျောင်း၊ အလယ်တန်း​ကျောင်းနှင့် အလယ်တန်း​ကျောင်းခွဲ (၁၃)​ကျောင်း၊ မူလတန်း​ကျောင်းနှင့် မူလွန်​​ကျောင်း(၂၇)​ကျောင်း၊ ဘုန်း​တော်ကြီးသင် ပညာ​ရေး​ကျောင်း(၂၂)​ကျောင်း စုစု​ပေါင်း(၇၄)​ကျောင်းတွင် ယနေ့နံနက် ၉:၀၀နာရီအချိန်မှစ၍ ​ကျောင်းသူ/​ကျောင်းသားများ ​ကျောင်းလာ​ရောက် အပ်နှံလျက်ရှိ​​​ကြသည်။
လသာမြို့နယ်အခြေခံပညာကျောင်းများတွင်ကျောင်းအပ်နှံမှုစတင်လက်ခံ
May 24,2021
ပညာရေးဝန်ကြီးဌာန၏၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်း ကျောင်း များကို ၂၀၂၁ခုနှစ်ဇွန်လ(၁)ရက်နေ့မှစ၍ ပုံမှန်စာသင်နှစ်အတိုင်းဖွင့်လှစ်မည်ဖြစ်ရာ လသာမြို့နယ်  အတွင်းရှိ အခြေခံ ပညာကျောင်းများကိုယနေ့နံနက်( ၉း၀၀ နာရီ  )အချိန်မှစ၍ ကျောင်းအပ်နှံမှုများကို စတင် လက်ခံ နေပြီဖြစ်ကြောင်းသိရသည်၊၊  
လင်းခေးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်−၁၉ စည်းကမ်းချက်နှင့်အညီ ကျောင်းအပ်နှံမှု စတင်လက်ခံ
May 24,2021
 ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သွားနိုင်ရေး အခြေခံပညာမူလတန်းမှအထက်တန်းအထိ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မြို့နယ်အတွင်းရှိကျောင်းအသီးသီးမှ ယနေ့ နံနက် ၉နာရီက စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်လက်ခံ
May 24,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်‌ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် မေလ ၂၄ ရက်နေ့မှ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အတွင်း ကျောင်းအပ် လက်ခံလျက် ရှိကြောင်းသိရသည်။
ဘာအံမြို့နယ်တွင် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှုများ စတင်ဆောင်ရွက်
May 24,2021
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာနှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းက စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ရှိ ဆရာတော်ကြီးများအား ဘွဲတံဆိပ်တော် ဆက်ကပ်လှူဒါန်း
May 24,2021
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ကရင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီးများအား ဘွဲတံဆိပ်တော် ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နာယက ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်ရင်းမှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောထွန်းလှိုင်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်း၊ ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒါယကာဒါယိကာမများ တက်ရောက်ကြည်ညို၍ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မန့်ဟီးရိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်
May 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။