သတင်းများ

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Feb 27,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် ၊ နံနက် ၈ နာရီက ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အနောက်ကိုင်းကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေး ဆွေးနွေးခြင်း Talk Show ပြုလုပ်
Feb 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် တောင်ငူခရိုင်အလုပ်ရုံနှင့် အလု်ပသမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးခြင်း Talk Showကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Feb 27,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က အ.ထ.က(တိုက်ကြီး) ကျောင်း အနော်ရထာခန်းမ၌ ​​ ကျင်းပပြု လုပ်သည်။
မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ပိုစတာများmask များပြည်သူများလက်ဝယ် ဖြန့်ချိခြင်းများကို ကူးစက်မှုလျော့နည်းစေရန် ဆောင်ရွက်
Feb 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ လူစည်ကားရာဈေးအနီးရှိလမ်းစုံမီးပွိုင့်များတွင် ကိုဗစ် ၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါကူးစက်ပျံ့နှံမှု ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာများ၊ maskများ  ပြည်သူများလက်ဝယ် ဖြန့်ဝေခြင်းများကို ယနေ့နံနက် (၈)နာရီအချိန်က နှိုးဆော်ဆောင်ရွက်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအား ငွေနှင့်အသုံးအဆောင်ပစ္စည်း များလှူဒါန်း
Feb 27,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ရက်၊ နံနက် ၁၀နာရီ ၁၀မိနစ်အချိန်ကမီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စုများအတွက် ညောင်ဦးမြို့နယ် တောင်ဘီလေးကျေးရွာအုပ်စုရှိ ကျေးရွာများစုပေါင်းကာ ဖေဖော်ဝါရီ ၂၇ရက်၊ နံနက် ၁၀နာရီအချိန်က ငွေနှင့်အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ ကြောင်းသိရသည်။
မိုးကောင်းမြို့ အထက(၁)ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Feb 27,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် ၁ နာရီတွင်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်တော်စေတီတော်မြတ်(၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပ
Feb 27,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရှေ့ဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၇ရက်မှ တပေါင်းလပြည့်နေ့(မတ်လ ၈ ရက် မှ ၁၆ ရက်)နေ့ အထိ ကျင်းပမည်ဖြစ်သည်။
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်နေ
Feb 27,2022
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်းသည့် အောက်ဆီဂျင် စက်ရုံကို စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်(၁)လမ်းတွင် စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။