သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Feb 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များ အတွင်းရှိ အသကမွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီကအမှတ်(၆)ရပ်ကွက် ၊မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
တာမွေမြို့နယ်ရှိ ရာပြည့်စျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Feb 24,2022
နွေရာသီ ကာလသို့ မကြာမီ ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ရာပြည့်စျေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရာပြည့်စျေးမှ စျေးဝန်ထမ်းများ ပူးပေါင်း၍ စျေးအတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ် မီးကတ် များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း၊ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းနှင့် စျေးသူ/သားများနှင့် စျေးလာရောက် ဝယ်ယူကြသူများအနေဖြင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် စျေးအတွင်းရှိ လူအများ မြင်သာသည့် နေရာများ၌ အသိပေးပိုစတာများ ချိတ်ဆွဲခြင်းနှင့် စျေးအတွင်း အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေး အတွင်း/အပြင် ရောင်းချလျက်ရှိသော စားသုံးရန်မသင့်သော အသားချောင်းများနှင့် ကုန်ပစ္စည်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 24,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း/အပြင် ရောင်းချကြသော အသားခြောက်ဆိုင်များ အသားကင်ဆိုင်များနှင့် ပြည်တွင်း ပြည်ပမှ တရားမဝင်တင်သွင်းသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်မပါရှိသည့် ကုန်ပစ္စည်းများ စားသုံးရန် မသင့်သည့်ကုန်ပစ္စည်းများ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉နာရီအချိန် ကစားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မိုင်းတုံမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပ
Feb 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀နာရီ ၃၀ အချိန်က သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ဘုတ်ပြင်းမြို့မဈေးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးဆောင်ရွက်
Feb 24,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့မဈေးအတွင်း ဖွင့်လှစ် ရောင်းချနေသည့် ဈေးဆိုင်များနှင့်ဝယ်သူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များ အညီ ရောင်းချခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန် ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ပါးစပ်နှာခေါင်းစည်း (Mask) များ ထောက်ပံ့ပေးအပ်
Feb 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရာတွင် အသုံးပြုနိုင်စေရန်အတွက် ပါးစပ် နှာခေါင်းစည်း (Mask)များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ ကြိမ်၊ ဝါးလက်မှုထည် ရက်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်
Feb 24,2022
ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများ တောင်းဆိုသော ကြိမ်၊ ဝါးလက်မှုထည် ရက်လုပ်မှု နည်းပညာသင်တန်းကို ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဘတ်ဂျက်ဖြင့် ဖေဖော်ဝါရီ(၂၁)ရက်မှ မတ်လ(၇) ရက်နေ့အထိ ရက်သတ္တပတ်(၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။