သတင်းများ

မြဝတီမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ
Feb 21,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အပြင်မဲကနယ်ကျေးရွာ၊ ကျေးရွာဘုန်းကြီးကျောင်းဝန်းတွင်းတွင် မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ဦးစီးဖွင့်လှစ်ပေးသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Feb 21,2022
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံတက်ကြွစွာ ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများ၊ Volunteer အသင်းအဖွဲ့များနှင့် ပါဝင် လှူဒါန်းခဲ့ သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုက်လတ်မြို့နယ်၏ ကျေးလက်‌ရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျွဲကူးခရားရိုးကျေးရွာအုပ်စု၊ ငါးရစ်ရိုးကျေးရွာ၏ ကျေးရွာရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရသေ့​တောင်မြို့၌ အသက်မွေးဝမ်းကျောင်း ထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ရေး သင်တန်း ဆင်းပွဲကျင်းပ
Feb 21,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ရသေ့တောင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask များအခမဲ့ပေးဝေပြီး အသိပညာပေးခြင်းဆောင်ရွက်
Feb 21,2022
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် လူစည် ကားရာ နေရာများတွင် Mask များအခမဲ့ပေးဝေခြင်း နှင့် အသိပညာပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
၁၂ လရာသီပွင့်သော စံပယ်ပန်း စိုက်ပျိုးသူမိသားစု အပိုဝင်ငွေရရှိနေ
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပေါက်ကုန်းကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာ၌ ၁၂ လရာသီပွင့်သော စပါယ်ပန်းစိုက်ပျိုးသူ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။ ၁၂ ရာသီပွင့်သော စပါယ်ပန်းများကို ရန်ကုန်မြို့မှ ဝယ်ယူကာ စိုက်ပျိုးတာဖြစ်ကြောင်း၊ ပျိုးပင်တစ်ပင်ကို ၁၀၀၀ ကျပ် ပေးရပြီး ပျိုးပင်ပေါင်း ၅၀၀ဝ ယူ၍ စိုက်ပျိုးထားကြောင်း စပါယ်ပန်းမျိုးများထဲမှ ယခုဝယ်ယူတဲ့ စပါယ်ပန်းက ၁၂ လရာသီပွင့်တော့ စိုက်ပျိုးတဲ့သူတွေ အကျိုးရှိတာပေါ့ဟု ပန်းစိုက်ပျိုးသူ ဦးမြင့်လွင်က ပြောသည်။
ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Feb 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ( ၆ )လတာ ကာလအတွင်း ပြည်ထောင်စု/ပြည်နယ်ခွင့် ပြု ရန်ပုံငွေများ ဖြင့် ကျေးရွာနှစ်ရွာ၌ ကျေးလက်ရေရရှိရေး လုပ်ငန်းအတွက် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။