ကျိုက်လတ် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျွဲကူးခရားရိုးကျေးရွာအုပ်စု၊ ငါးရစ်ရိုးကျေးရွာ၏ ကျေးရွာရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက ငရစ်ရိုးကျေးရွာတွင် ခွင့်ပြုငွေကျပ် (၇.၅၀)သန်းဖြင့် နပိုလီယံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော Ferro cement Tank (20’×13’) တည်ဆောက်ခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာရေကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေး လုပ်ငန်းများဖြစ်သော Ferro cement Tank တည်ဆောက်ခြင်းလုပ်ငန်း (၂)ခု၊ ရေသန့်စင်စနစ်လုပ်ငန်း (၁)ခု၊ မြေသားရေကန် အနက်နှိုက်ခြင်းလုပ်ငန်း (၂)ခု၊ စုစုပေါင်းရေပေးရေးလုပ်ငန်း (၅)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်