သတင်းများ

မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်တွင် တတိယမြောက် အိမ်ဆောက်လုပ် ပြီးစီး၍ အပ်နှံခြင်းကျင်းပ
Feb 21,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူး ဦးနေဝင်း ဦးဆောင်သော နမ့်ယွန်း လူငယ်များ ပရဟိတအသင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုကို စဉ့်ဝင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ နေအိမ်အား တတိယမြောက် အိမ်ဆောက်လုပ်ပြီးစီးခဲ့ရာ ယနေ့နံနက် ၁၀ နာရီက သွားရောက်အပ်နှံခြင်း ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန် ကြိုတင် ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်
Feb 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မိမိတို့မြို့နယ်အတွင်း မျိုးဗီဇပြောင်း အိုမီထရွန် (Omicron) ကူးစက်မှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရန် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက လူအများသွားလာနေသည့် မင်းလမ်းမကြီးတွင် ပြုလုပ်သည်။
ပွင့်ဖြူမြို့နယ်၌ မြေအောက်ရေဖြင့် ခရမ်းညိုသီးနှံစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သံဘိုကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မြေအောက်ရေဖြင့် ခရမ်းညိုသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာ၌ ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက် ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သံဘိုကျေးရွာမှ ခရမ်းညိုသီးနှံစိုက်ပျိုးတောင်သူများထံမှ သိရသည်။
ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို စနစ်တကျထုတ်ပေးလျက်ရှိ
Feb 21,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက် ၈နာရီမှစ၍ အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။
နမ့်ခမ်းမြို့၌ ကြံစိုက်ပျိုးသည့် တောင်သူများက ကြံဈေးကောင်းမရသဖြင့်  အခက်အခဲများရင်ဆိုင်နေရ
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်မှ ကြံစိုက်ပျိုးသည့် တောင်သူများက ၂၀၂၂-ခုနှစ်အတွင်း ခုတ်ယူရောင်းချရသည့် ကြံများသည် ဈေးကောင်းမရသဖြင့် ဝင်ငွေလျော့နည်း၍ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။
လိပ်သိုမြို့တွင်ကိုဗစ်-၁ ၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်
Feb 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
နတ်တလင်းမြို့အတွင်းရှိ ဈေးဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေး
Feb 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ဈေးရောင်းချနေ သူများအား ယနေ့နံနက် ၈ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိကို စစ်ဆေး၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးလျက်ရှိ
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား နှစ်ကြိမ်ထိုးနှံထားပြီးသည့် မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း Booster Dose ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ ထိုးနှံပေးနေ သည်။