မင်းဘူး ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းဝေးတွင် မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ယခုအချိန်ဟာ မျိုးရိုးဗီဇပြောင်း ရောဂါ အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါများ ပြန်လည်ပြန့်ပွားလျက်ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာ၍ နေထိုင် သွားကြရန်နှင့် ကာကွယ်ဆေးများလည်း မိမိတို့နှင့်အတူ နီးစပ်ရာ ရပ်ကွက်နှင့် ကျေးရွာများအတွင်းမှ ပြည်သူ များကိုလည်း လာရောက်ထိုးနှံကြရေး တိုက်တွန်းနှိုးဆော် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်တွင် Covid-19 ပိုးတွေ့သူ၊ မင်းဘူးမြို့ အ.ထ.က ( ၁ )တွင် ၈ ဦး၊ သီးကုန်း ကျေးရွာ အ.ထ.က ခွဲတွင် ၁၅ ဦး၊ မောင်းမကန်ကျေးရွာ အ.ထ.က ခွဲတွင် ၂၇ ဦးစုစုပေါင်း ၅၀ ဦးတွေ့ရှိ၍ နေအိမ်တွင် သီးသန့်နေထိုင်စေ၍ ဆေးကုသမှု ခံယူနေကြောင်း မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)