သတင်းများ

ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကမ်းတောကျေးရွာတွင် Sinopharm ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး
Feb 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကမ်းတော ကျေးရွာ၊ဘုန်းတော်ကြီးကျောင်း၌ Sinopharm ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က ကွင်းဆင်း၍ သွားရောက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရမ်းဗြဲမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါပိုးကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Feb 21,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ရောဂါပိုးနှင့် ကူးစက်ရောဂါများ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က ရမ်းဗြဲမြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ပေးခဲ့ကြကြောင်း သိရသည်။
ကျွန်းစုမြို့တွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Feb 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ‌ယမန်နေ့ နံနက်ပိုင်းက ကျွဲခရံကျေးရွာ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ မြို့နယ်ခန်းမတွင် လယ်မကျေးရွာသို့မီးသတ်စက် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ မြို့နယ်ခန်းမတွင် လယ်မကျေးရွာသို့ မီးသတ်စက် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
နတ်မောက်မြို့တွင်းရှိ အောင်သုခလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိ
Feb 21,2022
နတ်မောက်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော အောင်သုခလမ်းကွန်ကရစ်ခင်းခြင်း (မကွေးလမ်းနှင့် မြစည်းခုံလမ်းကြား) လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးခိုင်ဇော်မိုးမှ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၅၀ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
Feb 21,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် သတ် မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းအသက် ၅၀ နှစ်အထက်ရှိကာ၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး၍ ၆ လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့်အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်ရေး အတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။