သတင်းများ

ကျောက်မဲခရိုင်၊ အ‌ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ခရိုင်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဆောင်ရွက်
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်ကစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်
Feb 21,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်းပြီး အခြေခံရှေးဦးပြုစုခြင်း သင်တန်းကို ယနေ့နံနက်(၉)နာရီက တံတား ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပကြောင်း သိရသည်။
တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်တွင် မြို့နယ်အဆင့် သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်
Feb 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်အဆင့်သံဃနာယကအဖွဲ့စည်း အဆင့်ဆင့် (၂၅)ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင် အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဖြူးမြို့နယ် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Feb 21,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်း ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးသူ (၈၅၀)ဦးအထိ ရှိပြီဖြစ်
Feb 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ မြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းထားသော Spuntnik Light အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ စုစုပေါင်း (၈၅၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
ဒိုက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Feb 21,2022
ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ​ယနေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 
တမာပင်ကျေးရွာမူလတန်းကျောင်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတို့တွင် သောက်သုံးရေနှင့်လျှပ်စစ်မီးရရှိရေးဆောင်ရွက်လှူဒါန်း
Feb 21,2022
မိတ္ထီလာမြို့နယ် တပျော်ကျေးရွာအုပ်စု တမာပင်ကျေးရွာ မူလတန်းကျောင်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လိုအပ်လျက်ရှိသည့် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် ကမ်းလက်များပညာရေးနှင့် ကျန်းမာရေး ပရဟိတမိသားစုအဖွဲ့နှင့် အလှူရှင်စေတနာရှင်များက စုပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။