သတင်းများ

ရသေ့​တောင်မြို့၌ အသက်မွေးဝမ်းကျောင်း ထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ရေး သင်တန်း ဆင်းပွဲကျင်းပ
Feb 21,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ရသေ့တောင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask များအခမဲ့ပေးဝေပြီး အသိပညာပေးခြင်းဆောင်ရွက်
Feb 21,2022
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် လူစည် ကားရာ နေရာများတွင် Mask များအခမဲ့ပေးဝေခြင်း နှင့် အသိပညာပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
၁၂ လရာသီပွင့်သော စံပယ်ပန်း စိုက်ပျိုးသူမိသားစု အပိုဝင်ငွေရရှိနေ
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပေါက်ကုန်းကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာ၌ ၁၂ လရာသီပွင့်သော စပါယ်ပန်းစိုက်ပျိုးသူ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။ ၁၂ ရာသီပွင့်သော စပါယ်ပန်းများကို ရန်ကုန်မြို့မှ ဝယ်ယူကာ စိုက်ပျိုးတာဖြစ်ကြောင်း၊ ပျိုးပင်တစ်ပင်ကို ၁၀၀၀ ကျပ် ပေးရပြီး ပျိုးပင်ပေါင်း ၅၀၀ဝ ယူ၍ စိုက်ပျိုးထားကြောင်း စပါယ်ပန်းမျိုးများထဲမှ ယခုဝယ်ယူတဲ့ စပါယ်ပန်းက ၁၂ လရာသီပွင့်တော့ စိုက်ပျိုးတဲ့သူတွေ အကျိုးရှိတာပေါ့ဟု ပန်းစိုက်ပျိုးသူ ဦးမြင့်လွင်က ပြောသည်။
ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Feb 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ( ၆ )လတာ ကာလအတွင်း ပြည်ထောင်စု/ပြည်နယ်ခွင့် ပြု ရန်ပုံငွေများ ဖြင့် ကျေးရွာနှစ်ရွာ၌ ကျေးလက်ရေရရှိရေး လုပ်ငန်းအတွက် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသည့်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
Feb 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးပြီး (၆)လကြာပြီဖြစ်သည့် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ကျောက်မဲခရိုင်၊ အ‌ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ခရိုင်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဆောင်ရွက်
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်ကစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်
Feb 21,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်းပြီး အခြေခံရှေးဦးပြုစုခြင်း သင်တန်းကို ယနေ့နံနက်(၉)နာရီက တံတား ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပကြောင်း သိရသည်။
တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။