သတင်းများ

မြစ်သားမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်စေရေး Mask Campaign ဆောင်ရွက်
Feb 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗ-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်း ချုပ်ရေး အသိပညာပေးခြင်း နှင့် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှု Mask Campaign ကို
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 21,2022
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၃/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းလှမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်း ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Feb 21,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာ ထုတ်ယူရာ၌ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အနှင့်အညီ ယနေ့ နံနက် ၇ နာရီမှစတင်ကာ စနစ်တကျထုတ် ပေးလျက်ရှိကြောင်း သိရသည်။
မိုးကုတ်မြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်
Feb 21,2022
မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီး ရေးအတွက် ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေး Mask Campaing ပြုလုပ်ခြင်းအားယနေ့ နံနက် ၁၀ နာရီက မီးပွိုင့်လမ်းဆုံနေရာနှင့် တံတားနှစ်စင်း နေရာတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
မအူပင်ခရိုင် Community Centre ခန်းမ၌ "အလုပ်ဆိုတာ အင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club )၊ (Youth Club)၊ (Woman Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ မတင်ဝင်းရေးသားသည့် " အလုပ်ဆိုတာ အင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
တကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်း ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်
Feb 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်း ကြိုတင်ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေးအတွက်Mask  Campaign ဆောင်ရွက်ခြင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံဦးဆောင်ကာ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက မြို့ဝင်ပြည်သူ့ဆေးရုံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပန်းကြယ်သီးထိုးနည်း သင်တန်းဖွင့်လှစ်
Feb 21,2022
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပန်းကြယ်သီး ထိုးနည်း (အခမဲ့) သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
မြဝတီမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Feb 21,2022
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့ ဖေဖော်ဝါရီ လ ၂၁ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။