ကသာ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကသာမြို့တော်ခန်းမတွင် ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ထိုးနှံရာတွင် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများက လာရောက်ထိုးနှံကြပြီး ကသာမြို့နယ်၌ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ အထိတွင် COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း(၃၃၀၄)ဦး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို လူဦးရေပေါင်း (၂၁၈၃၅)ဦး၊ Sinovac ကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူပေါင်း(၃၃၄၆)ဦး စုစုပေါင်း (၂၈၄၈၅)ဦးတို့ကို ဒုတိယအကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)