ပုဏ္ဏားကျွန်းမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sputink Doses)များဆက်လက်ထိုးနှံပေး

ပုဏ္ဏားကျွန်း  ဖေဖေါ်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက်နှင့်ဦးတည်အုပ်စုများအလိုက် ဒေသခံ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sputink Doses) များ ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီက စတင်၍ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန် ဘုရားကြီးသိမ်၊ ယိုးတရုပ် တိုက်နယ် ဆေးရုံနှင့် ကွန်းတောင်ကျန်းမာရေးဌာနတို့၌ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sputink Doses) များ ဆက်လက် ထိုးနှံခြင်းကို ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့မှ(၁၉)နေ့အထိ၊ သတ်မှတ်စုရပ်နေရာများတွင် ဒေသခံပြည်သူ (၁၉၃၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး၊  ကျန်ရှိနေသည့် ဒေသခံပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာပေးခြင်းနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)