မုဒုံမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ လိုက်လံစစ်ဆေး

မုဒုံ   ဖေဖော်ဝါရီ    ၂၁

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီးဖြစ်၍ စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးအန္တရာယ် ဖြစ်ပွားမှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုများမဖြစ်ပွားစေရန်အတွက် ဖေဖော်ဝါရီ ၂၀ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရာဘာမှိုင်းခံရုံများတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများတို့ကို ကွင်းဆင်း စစ်ဆေးသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မုဒုံမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးဖုန်မြင့်အေး၊ မြို့နယ်လျှပ်စစ် ဓာတ်အားပေး ဝေဖြန့်ဖြူရေးမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရာဘာမှိုင်းခံရုံများတွင် လျှပ်စစ်ဝါယာကြိုး သွယ်တန်းထားရှိမှုအခြေအနေများ၊ မီးသတ်ဆေးဘူးများ ထားရှိမှုအခြေအနေများ၊ မီးသတ် ရေလှောင်ကန်များစသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများတို့ကို စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း များတို့ကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)