မြောင်းမြ ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာစေရန်အတွက် ရည်ရွယ်၍ လူငယ်လူရွယ် စာပေဝါသနာရှင်များ Youth Club အဖွဲ့ကို ဖိတ်ခေါ်၍ သုတအလင်းမဂ္ဂဇင်း (၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ၊ အမှတ် ၇၀) တွင်ပါရှိသည့် စာရေးဆရာ အောင်နိုင်သူ (ဇွဲကပင်)ရေးသားသည့် “စာဖတ်ခြင်းအနုပညာ” ဆောင်းပါးအား ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Youth Club အဖွဲ့နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ယနေ့ခေတ်လူငယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရန်အတွက် လစဉ် စာပေဝါသနာရှင်များကို ဖိတ်ခေါ်ပြီး စာပေဆွေးနွေးပွဲ ကျင်းပဆောင်ရွက်နေမှုများနှင့် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး စာပေဖတ်ရှုခြင်းဖြင့် စာပေမှကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး၊ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော လူငယ်များက ဆောင်းပါးပါ ရေးသားဖော်ပြချက်များအား စိတ်ပါဝင်စားစွာဖြင့် အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ရူပါအေး