မြောင်းမြ ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး ( Mask Campaign) ကို လူစည်ကားရာနေရာများ၊ လမ်းဆုံ မီးပွိုင့်များတွင် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၈ နာရီခွဲအချိန်က မြရတနာရပ်ကွက်၊ နဝရတ်လမ်းဆုံနှင့် ရုံးပေါင်းစုံလမ်းဆုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး (Mask Campaign)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အုပ်စုများခွဲပြီး (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေကြသော ပြည်သူများ၊ ဆိုင်ကယ်၊ ကားများအားတားဆီး၍ နှာခေါင်းစီး (Mask) တပ်ဆင်သွားလာကြရန် အသိပညာပေးပြောကြားပြီး၊ Mask များ အခမဲ့ဖြန့်ဝေခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။ Mask Campaign ကို ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)