ရန်ကုန် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက် ရေးနှင့် အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ (၁၁)ရက့်နေ့မှ စတင်၍ နိုင်ငံ ဝန်ထမ်းများနှင့် ပြည်သူများအားကို Suptnlk Light Vaccine ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အမှတ် (၉) ရပ်ကွက် တက္ကသိုလ်များဆေးရုံ၊ အရေးပေါ်ဌာနတွင် ထိုးနှံပေးလျက်ရှိပါသည်။
ထိုသို့ ထိုးနှံပေးရာ၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆) လပြည့် ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကိုတွင် ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ဆေးထိုးရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ တစ်ဌာနချင်း အလိုက်တစ်ဦးနှင့်တစ်ဦး ၃ ပေ အကွာမှနေ၍ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင် ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိသူများအား ဆေးထိုးနှံပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်ကာကွယ်ဆေး Booster Dose ကို နိုင်ငံဝန်ထမ်းများကို ထိုးနှံပေးပြီးဆေးထိုးရန်ကျန်ရှိနေသည့် ပြည်သူများကိုလည်း ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး (၆) လပြည့်သူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)