ခိုလမ် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသော ဟိုနောင်ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEID) ကို ယမန်နေ့က ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ အသက် ၁၈ နှစ် အထက်ပြည်သူတို့အား ဟိုနောင်ကျေးရွာအုပ်စု၊ နောင်ခမ်း (၁၉ မိုင်) ရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVISHIEID) ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ ပြုလုပ်ကာ ထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့် အနားယူစေခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်၍ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးနှင့် ကျေးရွာနေပြည်သူများက ပူးပေါင်းပါဝင်ခဲ့ပါသည်။ အသက် ၁၈ နှစ်အထက် ပြည်သူများက ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ထံမှ သိရသည်။
နောင်ဟေးငင်း (ခိုလမ်)