သတင်းများ

မြိတ်ခရိုင်၌ ကျောင်းစစ်စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ
Mar 02,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ကျောင်းစစ်စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မတ်လ တတိယအပတ်မှစတင်ကာ သက်ဆိုင်ရာကျောင်းများနှင့် စာစစ်ဌာနများတွင်
အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း mask များဖြန့်ဝေပေး
Mar 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း မရှိသူများ၊ ခရီးသည်သွားလာ သူများနှင့် ကုန်တင်ယာဉ်မောင်းသူများကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရပ်စောက်-အင်တော-နောင်ချိုကားလမ်းတလျှောက်၌ ဆောင်ရွက်ခဲ့သည်။
ဗန်းမော်မြို့တွင် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်
Mar 02,2022
၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသော အားဖြင့် ဗန်းမော်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုး တိုးတက်ရေး ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်မြို့ မံဖာကျေးရွာ၌ ယနေ့နံနက် ၉ နာရီက ဗန်းမော်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖျာပုံ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်
Mar 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာသစ်များ ထပ်မံတွေ့ရှိနေခြင်းကြောင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ဖျာပုံမြို့ပေါ် မြောက်ပိုင်းစျေးနှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
မုဒုံမြို့၌ (၁၁) ကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၄) ကြိမ်မြောက် ပါဠိပထမပြန် စာအောင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Mar 02,2022
၂၀၂၁ ခုနှစ်တွင် (၁၁) ကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၄)ကြိမ်မြောက် ပါဠိပထမပြန် စာမေးပွဲကို အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်တို့အား စာအောင်စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ကန်ကြီးသာသနာ့ ဗိမ္မာန်တော်ကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပ သည်။
ကော့မှူးမြို့နယ် မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 02,2022
ပွင့်လင်းရာသီရောက်ရှိလာသောကြောင့် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် မီး‌ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် ယမန်နေ့ ညနေ ၄ နာရီက မြို့မဈေးကြီးအတွင်းလှည့်လည် စစ်ဆေးနေကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်နှံမှု မရှိစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး Mask Campaing ပြုလုပ်
Mar 02,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်နှံမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ မြို့အဝင်အထွက်လမ်း တစ်ခုဖြစ်သည့် မဟာကံကြီးရှင်ဘုရားရှေ့၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaing အခမဲ့ဖြန့် ဝေခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သံပန်းဝရိန်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 02,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေး ဝမ်းကြောင်း အထောက်အကူပြုစေရန်အတွက် သံပန်းဝရိတ်သင်တန်းကို