သတင်းများ

လဲချားတွင် အသက်(၁)ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Mar 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက်(၉) နာရီခွဲအချိန်တွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
ရပ်စောက်၌ နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်
Mar 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှ စတင်ကာ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းမရှိသည့် လမ်းသွား လမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင်စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှအသက်(၁) နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Mar 03,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ဝါးခုတ္တောကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားများ တည်ဆောက်လျက်ရှိ
Mar 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဝါးခုတ္တောကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ လွယ်ကူစွာသယ်ယူပို့ဆောင်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားများ တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်ဦးစီးမှူးတို့သည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကုတင်ကျင်းကျေးရွာသို့ ကွင်းဆင်း
Mar 03,2022
ပဲခူးတိုင်းဒေသကြီး‌၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် အဖွဲ့သည် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကုတင်ကျင်းကျေးရွာသို့ ယမန်နေ့ နံက်ပိုင်းက ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ မြန်မာနိုင်ငံလူမှုကယ်ဆယ်‌ရေးအသင်း စတင်တည်‌‌ထောင်ဖွဲ့စည်းပွဲ အခမ်းအနားကျင်းပ
Mar 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာတွင် ကျန်းမာရေးကိစ္စများနှင့်ပတ်သက်ပြီး အခက်အခဲရှိသည့်ဒေသနေ ပြည်သူများ အချိန်တိုအတွင်း ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းဖွဲ့စည်းပွဲ အခမ်းအနားကို ယမန်နေ့က ကစိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရဲကုန်း အခြေခံပညာ မူလတန်းကျောင်း၌ ပညာသင်ကြားနေမှုအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေး
Mar 03,2022
ချင်းပြည်နယ်၊ ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရဲကုန်းအခြေခံပညာ မူလတန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က သွားရောက်ကြည့်ရှုသည်။
မိုင်းငေါ့မြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစား ဆက်လက်ထိုးနှံပေး
Mar 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက် ရှိ ပြည်သူများအား ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။