မုဒုံမြို့၌ (၁၁) ကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၄) ကြိမ်မြောက် ပါဠိပထမပြန် စာအောင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မုဒုံ    မတ်    

၂၀၂၁ ခုနှစ်တွင် (၁၁) ကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၄)ကြိမ်မြောက် ပါဠိပထမပြန် စာမေးပွဲကို အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်တို့အား စာအောင်စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ကန်ကြီးသာသနာ့ ဗိမ္မာန်တော်ကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပ သည်။

ရှေးဦးစွာနမောတဿသုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ် ရာ မုဒုံမြို့နယ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဦးဆောင်နာယက မြို့နယ် သံဃနာ ယက (သုဓမ္မာ) ဥက္ကဋ္ဌ  အဂ္ဂမဟာပဏ္ဍိတ  ဂျုံးဂျုံးကျတောရကျောင်း ဆရာတော်ဘန္ဒန္တ ကိတ္တိဝဏ္ဏထံမှ သြဝါဒကထာချီးမြှင့်ပြီး ဧည့်ပရိသတ်အပေါင်းတို့က ငါး ပါးသီလခံယူဆောက် တည်ကာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင့်ဇော်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

ထို့နောက် ၂၀၂၁ ခုနှစ်ဓမ္မာစရိယ (သာသနာ့ ဓဇဓမ္မာစရိယ) ဘွဲ့ရ သံဃာတော်၊ သီလရှင် () ပါး၊ ပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်းအောင် သံဃာ () ပါးတို့အား အောင်လက် မှတ်နှင့် ဝတ္ထုငွေများကိုလည်ကောင်း၊  နာယက ဆရာတော် (၁၁) ပါး၊ ဓမ္မာစရိယ ကြီးကြပ် ဆရာတော် () ပါး၊ ပါဠိပထမပြန် ကြီးကြပ်ဆရာတော (၂၁) ပါး၊ စာချဆရာတော် (၃၂) ပါးတို့အား ဂုဏ်ပြုချီးမြှင့် ဝတ္ထုငွေများတို့ကိုလည်ကောင်း၊ ပထမလတ်တန်း (၃၀) ပါး၊ ပထမငယ်တန်း (၄၃) ပါးနှင့် အခြေခံမူလတန်းအောင် (၁၀၄) ပါး စာအောင်သံဃာများအား သက်ဆိုင်ရာကျောင်းတိုက်အရောက် အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်ကောင်း စုစုပေါင်းဝတ္ထုငွေကျပ် (၅၁၂၃၀၀၀) အား မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ဆက်ကပ်ခဲ့ကြပြီး ဂျုံးဂျုံးကျဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာဗုဒ္ဓသာသနံ စိရတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)