အင်တော မတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း မရှိသူများ၊ ခရီးသည်သွားလာ သူများနှင့် ကုန်တင်ယာဉ်မောင်းသူများကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရပ်စောက်-အင်တော-နောင်ချိုကားလမ်းတလျှောက်၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ စစ်ဆေးရာတွင် မြို့အုပ်ချုပ်မှူးနှင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ နယ်မြေစခန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းမရှိသူများ၊ ယာဉ်ဖြင့် ခရီးသည်သွားလာသူများနှင့် ကုန်တင်ယာဉ်မောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရေးတို့ကို အသိပညာပေးခြင်းများ ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်း မရှိဘဲသွားလာနေသူများကို Mask များ အခမဲ့ဖြန့်ဝေပေပြီး စနစ်တကျတပ်ဆင်စေခြင်း၊ mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူ(၁၀၄)ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ပြည်သူ ၂ ဦးထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရပြီး ရောဂါပိုး တွေ့ရှိသူများကို မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)