ဖျာပုံ မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာသစ်များ ထပ်မံတွေ့ရှိနေခြင်းကြောင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ဖျာပုံမြို့ပေါ် မြောက်ပိုင်းစျေးနှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်လဝက ဦးစီးမှူး ဦးဇော်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဖျာပုံမြို့ပေါ် လူစည်ကားရာ နေရာများဖြစ်သော ဆိပ်ကမ်းသာစျေး၊ ဒုတိယ လမ်းမီးပွိုင့်ဒေါင့်၊ ဖျာပုံတံတားကြီးအောက်နှင့် မြောက်ပိုင်းစျေးတို့တွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း Mask အခုရေ (၁၅၀၀)ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)