ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်နှံမှု မရှိစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး Mask Campaing ပြုလုပ်

ကျောက်တော်  မတ် ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်နှံမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ မြို့အဝင်အထွက်လမ်း တစ်ခုဖြစ်သည့် မဟာကံကြီးရှင်ဘုရားရှေ့၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaing အခမဲ့ဖြန့် ဝေခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက် ပြန့်နှံမှုမရှိစေရေးနှင့်ကြို တင် ကာကွယ်ထိန်းချုပ်နိုင်ရေး ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaing အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ရာသို့ ကျောက်တော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျောက်တော်မြို့နယ်အတွင်းရှိ တယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရွှေရောင်ဂရုဏာသွေး လှူရှင်များအသင်းရုံးမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ဆိုင်ရာစည်းမျဉ်း စည်းကမ်းများနှင့်အညီ မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အပြင် ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ လမ်းသွားလမ်းလာပြည်သူများ၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ၊ ထွေလာဂျီ မောင်းနှင်သူများနှင့် ခရီးသွားပြည်သူများကို မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာစေခြင်း၊ ပါးစပ်နှင့်နှာခေါင်း စည်း(Mask) မပါရှိသော လမ်းသွား လမ်းလာနှင့် ခရီးသွားပြည်သူများအား ပါးစပ်နှာခေါင်းစည်း (Mask)ခုရေ (၂၀၀၀)ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း