သတင်းများ

နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပူတာအိုခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးဖွင့်
Mar 02,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊
မလှိုင်မြို့နယ်၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့  ကျောင်းသား/သူ (၁၄၂၃)ဦး ဝင်ရောက် ဖြေဆိုမည်
Mar 02,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ် မတ်လ(၃၁)ရက်တွင် ကျင်းပမည့် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/သူ(၁၄၂၃) ဦးဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ   သိရသည်။
ပိုင်ကျုံမြို့ ညာမရော-ဖားကပ်(၄)မိုင် လမ်းပေါ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကွန်ကရစ် တံတား(၂)စင်း တည်ဆောက်ခြင်း ရာနှုန်းပြည့်ပြီးစီး
Mar 02,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ညာမ‌ရော-ဖားကပ် (၄)မိုင်လမ်းပေါ်တွင် ကွန်ကရစ်တံတား (၂)စင်း တည်ဆောက်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ ကျင်းပ
Mar 02,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျွန်းရောင်း ကျေးရွာအုပ်စု၊ လေသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
လယ်ယာစီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး ထူးချွန်တောင်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြု
Mar 02,2022
လယ်ယာသားငါးကဏ္ဍ စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို အလေးထားကြိုးပမ်းဆောင်ရွက်သောအားဖြင့် ကရင်ပြည်နယ်အတွင်း လယ်ယာ စီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး ထူးချွန်တောင်သူလယ်သမားများအား ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၆၀)ကြိမ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ တနှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်းရရှိနေ
Mar 02,2022
တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် တွက်ခြေကိုက်နေသော မန္တလေးတိုင်းဒေ သကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့်
ဝေမျှခြင်းပရဟိတ မိသားစုမှ ကံကျဲကျေးရွာသို့ သောက်သုံးရေ ၁၆၀၀ဂါလံလှူဒါန်း
Mar 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် ကံကျဲကျေးရွာ၊ ကျခုတ်တဲတိုက်သို့ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပင်းတယ) ခရိုင်ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (ပင်းတယ) ခရိုင်ရုံးဖွင့်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။