လှိုင်းဘွဲ မတ် ၂
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေး ဝမ်းကြောင်း အထောက်အကူပြုစေရန်အတွက် သံပန်းဝရိတ်သင်တန်းကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ သင်တန်းသား (၂၅) ဦးဖြင့် စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပွဲကို ယမန်နေ့က ကမော့ကချူကျေးရွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းမှ သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဦးကျော်စိုးက သင်တန်းသားများအနေဖြင့် မိမိတတ်ကျွမ်းခဲ့သော သံပန်းဝရိန်အတတ်ပညာများကို မိမိကျေးရွာဒေသများတွင် အသုံးချတတ် စေရန်၊ ပြန်လည်မျှဝေတတ် စေရန်နှင့် မိမိစီးပွားရေးကို အထောက်အကူပြုစေရန်အတွက် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေး ဦးဝင်းသန်းနှင့် တာဝန်ရှိသူတို့က သင်တန်းလက်မှတ်များ ပေးအပ်ခြင်း၊ သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)